ZOGAM GALVAI (ZOMI & BURMESE VERSION)

Tuni Feb 9, 2025 ni zingsang Buanli khua ah Zogam Galkapte zing ann ne ding a akithawi laitak un Pawi Gal @CNA leh a Ui khawite'n hong kap phut uh ahihman in nai nih val (2 hrs+) sung kikapna nasia mah mah hi. Zogam Galkapte'n mun hoih pawlkhat pan tha lakik in, nitaklam in Buanli kilut kik a, khuanawl ah hong ambush kik pah uhi. Nasiatak in kikapna omkik a, amaulam pan nungkhin kawm kawm in hong kap uh in, Dampi lam ah taai uh chih thu kiza hi. Hih kikapna ah eilam pan aliam-abai omlo hi. Tuaban ah, Zogam Galkap in Buanli ah Camp nei lo hi; online thuzuau-te um kei un, chih i kizasak hi.

ဖေဖော်ဝါရီ ၉ ရက် ၂၀၂၅
ဒီနေ့မနက် ငှလ်ဘွလ်(မ်း) ကျေးရွာတွင် ZRA EC တပ်သားများ မနက်စာ စားချိန်တွင် CNA/CDF လက်နက်ကိုင် များမှ ရုတ်တရက် ပစ်ခတ်မှုရှိ၍ နှစ်ဖက်မှ အပစ်အခတ်ရှိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့ပါသည်။ ထိုသို့ CNA/CDF များဖက်မှ ဘာကြောင့် လာပစ်ခတ်သည်ကို မသိ ဘာအကြောင်းပြချက်ကြောင့်ပစ်ခတ်သည်ကိုလည်းမသိသည့်အပြင် ရုတ်တရက် အလစ်တိုက်ခြင်းဖြစ်သောကြောင့် အမဲလိုက်ရာတွင်သုံးသော သေနတ် နှစ်လက်နှင့် အင်္ကျီတစ်ထည်ကို အချိန်မရ၍ ဤနေရာတွင်သာထားခဲ့၍ ရွာအပြင်သို့ အခြေအနေအရ တိမ်းရှောင်ခဲ့ရပါသည်။ ထို့အပြင် ဤရွာ၌ ZRA EC အနေဖြငိ့ တပ်စွဲထားခြင်းလည်း မရှိပါ။ ZRA EC အနေဖြင့် ညနေပိုင်းတွင် CNA/CDF များ ပြန်လည် ဆုတ်ခွာအောင် ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။ တိုက်ပွဲ အတွင်း ZRA EC ဘက်မှ ဒဏ်ရာ ၊ အသေ၊ အပျောက် မရှိပေ။
CNA အနေဖြင့် ဒေသခံ လက်နက်ကိုင်ဖြစ်သော CDF တပ်ဖွဲ့များအား အသုံးချ၍ ချင်းပြည်နယ်တွင် စည်းလုံးမှု ပျက်ပြားအောင် ၊ ညီအကို အချင်းချင်းအကြား အထင်လွှဲအောင် အမျိုးမျိုးသွေးခွဲသော နိုင်ငံရေးပေါ်လစီများ နဲ့ နည်းလမ်းအမျိုးမျိုးဖြင့် သွေးထိုးလှုပ်ဆော်လျက်ရှိပါသည်။
ထို့အပြင် ဒီကနေ့တွင်လည်း PDA ခေါ်လက်နက်ကိုင် တပ်ဖွဲ့အား အသုံးချ၍ တီးတိန်မြို့အား မြို့သိမ်းတိုက်ပွဲဆင်နွှဲမည် ဟူသော အချက်အား အကြောင်းပြ၍ တီးတိန်မြို့နယ် ရှိ ကျေးရွာများတွင် တပ်စွဲ အခြေချ၍ နေသည့်အပြင် တီးတိန်မြို့ရှိ စကစ တပ်အား မတိုက်ရဲ ၍ ကျေးရွာများတွင်တပ်စွဲ၍ ရန်သူ စကစ ကို တိုက်မည့်အစား ZRA EC တပ်များကိုသာ ဦးတည်၍ တိုက်ခိုက်ကြပါသည်။ CNA အနေဖြင့် မြန်မာပြည်နဲ့ နိုင်ငံ အသီးသီး ရှိ( မြန်မာနိုင်ငံအကြောင်းတက်ဆက်သော)မီဒီယာများနဲ့ မီဇိုရမ် မီဒီယာ များအား လိမ်လည်ပြီး ZRA EC သည် စကစ နဲ့ပူးပေါင်းသည်ဟု ဆိုသည် သို့သော် ယနေ့အချိန်ထိ သက်သေပြနိုင်ခြင်းမရှိပေ။
အကယ်၍ CNA / CDF များအနေဖြင့် တီးတိန်မြို့ကို အမှန်တကယ် သိမ်းမည်ဆိုလျှင် မိမိတို့အနေဖြင့် လုံးဝ နှောက်ယှက်မှုပေးမည်မဟုတ်ပေ။ သို့သော် လိမ်လည်မှု၊ ကောက်ကျစ်မှု၊ အကြောင်းပြချက်များ များလွန်းသောကြောင့် မြို့သိမ်းတိုက်ပွဲဆိုသည်ကိုလည်း ယုံစရာ မရှိတော့သည့်အပြင် ညီအစ်ကို အချင်းချင်းအကြား စည်းလုံးမှု ပျက်ပြားအောင် လုပ်ဆောင်‌သည်ကို သာ ပိုမို သိမြင် ထင်ရှားလာပါသည်။
ZRA EC အနေဖြင့် မိမိတို့နယ်မြေဖြစ်သော တီးတိန်၊တွန်းဇံ၊ကျီခါး များကို တတ်နိုင်သမျှ ကာကွယ် စောင့်ရှောက်နိုင်ရန်အဆက်မပြတ် လုပ်ဆောင်ကြိုးစားလျက်ရှိပါသည်။

©𝐙𝐨𝐠𝐚𝐦 𝐈𝐧𝐒𝐢𝐠𝐡𝐭

Share:

No comments:

Post a Comment

Comments not related to the topic will be removed immediately.

Recent Posts

Popular Posts

Articles

SUBSCRIBE

Thangkhal Bible in Mobile

Mobile phone a Thangkhal NT Bible koih ding dan

Read Thangkhal NT Bible

JOIN KV fb

ZOMI FINS

PHOTO GALLERY

THANGKHAL COSTUMES
TBCWD TOUR 24-Sept-2022
Kulhvum Prayer

Blog Archive